Saturday, December 25, 2010
by တောင်ပြာတန်းနဲ့မွေးရပ်မြေ
ထပ်လွမ်စေတီတော်ဟာ လာအိုနိုင်ငံရဲ့ နိုင်ငံတော် မျက်နှာစာ တစ်ခုလို့ ဆိုရပါမယ်။ နိုင်ငံတော် တံဆိပ်၊ အထိမ်းအမှတ် တံဆိပ် စသဖြင့် စသဖြင့်သော ခမ်းနား ကြီးကျယ်တဲ့ အမှတ်အသား အများစုမှာ ထပ်လွမ်စေတီတော် ပုံကို ထည့်သွင်းဖော်ပြ ထားတာ တွေ့ရပါတယ်။
စေတီတော်ကို လုံးတော်ပြည့် ရွှေဆေးသင်္ကန်းဖြင့် ပူဇော်ထားပြီး ဘုရားရင်ပြင် ကိုတော့ မျက်ခင်းအနေဖြင့် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လာအိုနိုင်ငံသားတွေဟာ အလယ် ပစ္စယံအထိ ဖိနပ်စီးပြီး သွားလာတာကို တွေ့ရပါတယ်။ သို့သော်လည်း ပွဲတော် ရက်တွေမှာ တော့ ဘောင်းဘီတို စကပ်တိုနဲ့ လာတဲ့ အမျိုးသမီးတွေကို ဘုရင်းဝင်းထဲ့ ၀င်ခွင့် မပြုပါဘူး။ ဘုရားပွဲကိုတော့ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့၊ လာအိုပြက္ခဒိန် Twelfth lunar လပြည့်နေ့မှာ ကျင်းပပြီး နိုင်ငံတော် ဗုဒ္ဓပူဇနိယပွဲ အဖြစ် သမ္မတပါ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို တက်ရောက်ပါတယ်။ ဘုရားပွဲကိုတော့ မနက် (၁)နာရီလောက်ကနေ စတယ်လို့ သိရပါတယ်။
ဘုရားပွဲဈေးကတော့ ဘုရားပွဲ မကျင်းပမှီ တစ်လအလိုလောက် ကတည်းက ကလေး ကစားကွင်းများနဲ့ အတူ စည်းစည်းကားကား တွေ့ရှိရပါတယ်။ ထူးခြားတာကတော့ ဘုရားပွဲ ဈေးဆိုပေမယ့်လဲ ဇိမ်ခံကားတွေပါ လာရောက် ပြသရောင်းချတာကို တွေ့ရပါတယ်။ ပျော်ပွဲ ရွှင်ပွဲအနေနဲ့ ကုမ္ပဏီတွေရဲ့ စပွန်ပေးမှုနဲ့ ဖျော်ဖြေတင်ဆက် ကပြမှုများ၊ ကုမ္ပဏီအရောင်းဆိုင် များမှာ ကြော်ငြာရင်းနဲ့ ကပြဖျော်ဖြေမှုများကို တွေ့ရပါတယ်။ ပွဲဈေးဆိုသည့်အတိုင်း ပစ္စည်း များကို ဈေးလျော့ ရောင်းချတာတွေကိုလည်း တွေ့ရပါတယ်။
ဘုရားသမိုင်း
မူလ ထပ်လွမ် စေတီတော်ကို (၃)ရာစုတွင် တည်ထား ကိုးကွယ်ခဲ့ကြောင်း လာအိုပြည်သူ ထံမှ သိရှိပါတယ်။ Praya Chanthabury Pasithisak နှင့် ဘုန်းတော်ကြီး (၅)ဦး တို့က ဗုဒ္ဓ၏ နံရိုးတော်ကို ဌာပနာ၍ တည်ထားခဲ့ပါတယ်။ ၁၃ ရာစု မှာ ပြိုကျ ပျက်စီးခဲ့ပြီး Khmer ဘုရားအဖြစ် ပြန်လည် တည်ဆောက်ခဲ့ပါသည်။
၁၆ ရာစုအလယ်မှာ ဆက်သာသီရတ် (Setthathirat) ဘုရင်ဟာ မြို့တော်ကို လွမ်ပရာဘန်ကနေ ဗီယင်ကျန်းမြို့ကို ပြောင်းရွှေ့ ခဲ့ပြီး ၁၅၆၆ ခုနှစ်မှာ ထပ်လွမ်စေတီကို ဗီယင်ကျန်းမြို့ အလယ်မှ (၄)ကီလိုမီတာခန့် အကွာ ထပ်လွမ်ဘုရားလမ်း အဆုံးမှာ ပြည်လည် တည်ထားစေခဲ့ပါသည်။ အောက်ခြေ အကျယ် (၆၉)မီတာ၊ ဥာဏ်တော်အမြင့် (၄၅)မီတာနဲ့ အရံစေတီ အဆူ (၃၀)ပါဝင်ပါတယ်။
၁၈၂၈ ခုနှစ် ထိုင်းနိုင်ငံနဲ့ ဖြစ်ပွားသော စစ်ပွဲတွင် ထပ်လွမ်ဘုရားမှာ များစွာ ပျက်စီးခဲ့ပြီး ၁၉၀၀ ပြည့်နှစ်အထိ ပြုပြင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ၁၈၆၇ ခုနှစ်တွင် ပြင်သစ် ပိသုကာများက အသေး စိတ် ပုံစံများ ရေးဆွဲပြီး မူလပုံစံအတိုင်း ပြန်လည် ပြုပြင် မွမ်းခဲ့ပါတယ်။ သို့သော်လည်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ၁၉၃၀ ပြည့်နှစ်မှာ ပြန်လည် တည်ဆောက်ခဲ့ရာ အခုတွေ့မြင်ရတဲ့ ပုံစံအတိုင်း ဖူးမြော် ကြည့်ညိုနိုင်မှာ ဖြစ်ပါတယ်။ ပြီးပါပြီ။
Sunday, December 12, 2010
by တောင်ပြာတန်းနဲ့မွေးရပ်မြေ
မင်္ဂလာပါခင်ဗျာ (လာအိုလို - စပိုက်ဒီး)
ရည်ရွယ်ချက်နဲ့ သိပ်မကိုက်ပေမယ့် စုဆောင်း ရရှိတာလေးတွေပဲ တင်လိုက်ရပါတယ်။ Buddha Park ကို သွားရောက် လည်ပတ်ခဲ့တာတော့ ကြာပါပြီ။ ဗုဒ္ဓဆိုတာနဲ့ မြန်မာလူမျိုး အများအပြား ကတော့ သိပြီးသားပါ။ လာအိုနိုင်ငံမှာ အများစုကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် တွေပါ။ ကြုံတုံး ပြောရအုံးမယ် လာအိုမှာ လူသေရင် ဘုန်းကြီးကျောင်းမှာပဲ မီးရှို့ သင်္ဂြုံလ်ပါတယ်။ ဗုဒ္ဓဘာသာဝင် ဆိုရင်ပေါ့နော်။ ဘုန်းကြီးကျောင်း ခြံစည်းရိုးတွေမှာ ကျွန်တော်တို့ဆီက ဘုန်းကြီး အရိုး စေတီ လိုဟာတွေက အများကြီးပါပဲ။ အဲဒါတွေကတော့ ချမ်းသာ ဆင်းရဲတဲ့ အပေါ်မှာ မူတည်ပြီး အကြီးအသေး ခမ်းနားထည်ဝါမှု ကွာခြားပါတယ်။
ခြေဆင်း နည်းနည်း ရှည်သွားပြီ ထင်တယ်။ Buddha Park ခေါ် Xieng Khuan ဟာ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့ရဲ့ အရှေ့တောင်ဘက် (၂၅) ကီလိုမီတာ အကွာ မဲခေါင် မြစ်ကမ်းဘေးမှာ ရှိပါတယ်။ မြစ်ရဲ့ တစ်ဘက်ကမ်းမှာတော့ ထိုင်းနိုင်ငံ၊ နောင်ခိုင်မြို့ပါ။
ဒီ Buddha Park ကို ဟိန္ဒူဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးလို့ပဲ ခေါ်ရမလား၊ အခေါ် အဝေါ်တော့ ကျွန်တော်လည်း မသိဘူးဗျ။ သူက ၁၉၅၈ ခုနှစ်မှာ တည်ထားခဲ့တာပါ။ ဟိန္ဒူ ဗုဒ္ဓ ရုပ်ပွားတော် (၂၀၀)ကျော်လောက်ရှိပါတယ်။ အကျယ်အ၀န်းကတော့ ကျွန်တော်လည်း သိပ် မမှန်းတတ်ဘူးဗျ လယ်ကွက်လို ပြောမယ် ဆိုရင်တော့ (၅) ဧက ကျော်လောက် ရှိမယ်ထင်တယ်။ ရောက်ခဲ့စဉ်က မှတ်တမ်းတင် ခဲ့တဲ့ ဓာတ်ပုံ လေးတွေကို တင်ပေး လိုက်ပါတယ်။
အတွင်းပိုင်းပါ
ငရဲအိုးပေါ်ကနေ တွေ့ရတဲ့ မြင်ကွင်းပါ။
ဟိုဘက်ကမ်းကတော့ ထိုင်းနိုင်ငံ နောင်ခိုင်မြို့ပါ။
နောက်က ငရဲအိုးလို့ ပြောပါတယ်၊ အတွင်းထဲမှာတော့ အလယ်အကန့် ကနေ အပေါ်ကို ပတ်ပြီး တက်ရ ပါတယ်။ အလယ်ပိုင်းကို သွားချင်ရင်တော့ အပေါ်ကနေ ပြန်ဆင်းရပါတယ်။
တွေ့ရတဲ့ ပါးစပ်ထဲကို ၀င်ပြီး အပေါ်တက်ရတာပါ။
အတွင်းပိုင်းပါ
ငရဲအိုးပေါ်ကနေ တွေ့ရတဲ့ မြင်ကွင်းပါ။
ဟိုဘက်ကမ်းကတော့ ထိုင်းနိုင်ငံ နောင်ခိုင်မြို့ပါ။
Saturday, November 27, 2010
by တောင်ပြာတန်းနဲ့မွေးရပ်မြေ
ကျွန်တော့ Notebook မှာ မနေ့က Windows 7 Build 7600, This copy of Windows is not Genuine လို့ပြပြီး desktop က အမဲရောင် ဖြစ်နေပါတယ်။ အလုပ် ကတော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ အလုပ်လုပ်လို့ မဖြောင့်ဘူး ဖြစ်နေတယ်။ ဒါနဲ့ မြန်မာ ဘလော့ဂါတွေရဲ့ ဆိုဒ်တွေမှာ မွှေနှောက်ပြီး ဒေါင်းဖို့ ကြိုးစားပါတယ်။ အဆင်မပြေပါဘူး။
ဖိုင်မရှိ တော့တာ တွေနဲ့ပဲ ကြုံနေရတယ်။ ထုံးစံ အတိုင်း ကျွန်တော့်ဆရာ အိုင်တီခရီးသည် ဆီ Gtalk ကနေ အကူအညီ တောင်းရ ပါတော့တယ်။ ကျွန်တော့ အတွက် ကွန်ပျူတာနဲ့ ပတ်သက် လာရင် ဖန်ဆင်းရှင်လို အမြဲကူညီပေး လေ့ရှိသော အိုင်တီခရီးသည် ဟာ မဆိုင်းမတွန့်ပဲ ဒေါင်းဖို့ လင့်လေးတစ်ခု လှမ်းပို့ လိုက်ပါတယ်။ ဒေါင်းလိုက် ပါတဲ့။
ဖိုင်မရှိ တော့တာ တွေနဲ့ပဲ ကြုံနေရတယ်။ ထုံးစံ အတိုင်း ကျွန်တော့်ဆရာ အိုင်တီခရီးသည် ဆီ Gtalk ကနေ အကူအညီ တောင်းရ ပါတော့တယ်။ ကျွန်တော့ အတွက် ကွန်ပျူတာနဲ့ ပတ်သက် လာရင် ဖန်ဆင်းရှင်လို အမြဲကူညီပေး လေ့ရှိသော အိုင်တီခရီးသည် ဟာ မဆိုင်းမတွန့်ပဲ ဒေါင်းဖို့ လင့်လေးတစ်ခု လှမ်းပို့ လိုက်ပါတယ်။ ဒေါင်းလိုက် ပါတဲ့။
လင့်ကတော့ ဒီမှာပါ ။ ဒါနဲ့ ဒေါင်းပြီး winrar ဖိုင်ကို ဖြေလိုက်ပါတယ်။ ပထမဆုံး 7Loader Release 5 ဖိုင်ကို run လိုက်ပါတယ်။
နောက် Select Task >> Please Select အဲဒီမှာ ကိုယ့်ကွန်ပျူတာ နာမည်မပါလဲ ကိစ္စမရှိပါဘူး ကြိုက်ရာသာ ရွေးလိုက်ပါ။
နောက် Activate slic Present ကို နှိပ်ပါ။ အလုပ်လုပ် နေတာကို မမြင်ရတဲ့အတွက် အေးဆေး စောင့်ပါ။ မက်စေ့တစ်ခု တက်လာပါလိမ့်မယ်။ ကျုပ်ကျက် လိလိုက်ပါ။ ပြီးရင် မိမိကွန်ပျူတာရဲ့ Operating System နဲ့ ကိုက်ညီတဲ့ "Install information 32bit" Or "Install information 64Bit" ကိုနှိပ်ပါ။ နဲနဲစောင့်ပါအုံး မလောပါနဲ့ ဖြေးဖြေးပေါ့နော်။ မက်စေ့တစ်ခု တက်လာပါလိမ့်မယ်။ ပြီးရင် Hazar Option 2 ကိုနှိပ်ပါ။ ထုံးစံအတိုင်း စောင့်ပါအုံး။
ပြီးရင် RemoveWAT.exe ဖိုင်ကို run လိုက်ပါ။ Restart your computer ။ ပြီးပါပြီး။ ကျွန်တော်ကတော့ ၂ ကြိမ် လုပ်လိုက် ရပါတယ်။ ဘယ်ဖြစ် လို့လဲဆိုရင် အဆင့်တိုင်း လိုလိုမှာ အလုပ်လုပ် နေတာကို မမြင်ရလို့ ပြီးပြီထင်ပြီး နောက် အဆင့်တွေကို ဆက်သွား နေမိလို့ပါပဲ။ ဒါကြောင့် ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေး သွားပါ။ လုပ်ရမဲ့အဆင့် တွေကတော့ Read Me.txt ဖိုင်မှာလဲ ပါပါတယ်။ အကြံပြုချင်တာကတော့ Windows ပဲဖြစ် အခြား အပလီကေးရှင်းတွေပဲဖြစ်ဖြစ် Update မလုပ်ရင်တော့ အကောင်းဆုံးဖြစ်လိမ့်မယ်ထင်ပါတယ်၊ Antivirus ကလွဲလို့ပေါ့။ မြန်မာပြည်မှာ အင်တာနက် Access မရတဲ့နေရာတွေမှာ ကွန်ပျူတာသုံးတာ ဘာပြဿနာမှ မရှိပါဘူး။ အားလုံး အဆင်ပြေ ကြပါစေ ခင်ဗျာ။ အပေါ်က လင့်မှာ မရရင် ဒီမှာ သို့မဟုတ် ဒီမှာ ဒေါင်းပါ။
Tuesday, November 23, 2010
by တောင်ပြာတန်းနဲ့မွေးရပ်မြေ
အချို့သော Computer တွေမှာဆိုရင် Computer ကိုဖွင့်လိုက်တာနဲ့ သုံးလို့မရပါဘူး။ ဘာမဟုတ်တဲ့ Program တွေကို Load နေတာနဲ့ စောင့်ရတာ နာရီဝတ်တောင် ကြာပါတယ်။ အရေးတကြီး Computer သုံးဖို့ဖွင့်တာ ပွင့်သွားပြီး မသုံးရဘဲနဲ ထိုင်စောင့်နေရတဲ့ အချိန်တွေကလဲ မနဲတော့ပါဘူး။ ကျွန်တော့ Computer တာဆိုရင် ကြွားတာတော့ မဟုတ်ဘူး ဖွင့်တာနဲ့ သုံးလို့ရပြီး။ ဘာမှကိုမစောင့်ရဘူး။
အခုကျွန်တော့ Computer တာဖွင့်တာနဲ့ Direct သုံးလို့ရအောင် ဒီ Tutorial လေးကို Share လိုက်ပါတယ်။ ပထမဦးဆုံး Run ကိုသွားပြီး msconfig လို့ရေးပြီး Enter ခေါက်လိုက်ပါ။ [ Run ကို Windows Key နဲ့ R နဲ့တွဲနှိပ်ပြီး သွားလို့ရပါတယ်။ ]


ကျွန်တော့ Computer မှာကတော့ Google Talk, Microsoft Security Essential, G-iDle စသည့် ဟာတွေကို ဘဲ Start Up မှာ Select လုပ်ထားပါတယ်။ ကျန်တဲ့ VZOChat စသည့် ဟာတွေကို ကြတော့သုံးတော့ သုံးတယ်ဗျ။ ဒါပေမဲ့ အရေးမကြီးဘူး Computer တာနှေးမှာကြောင့်လို့ Un-Select လုပ်ထားတာ။
ဒီ Tutorial လေးလဲ Computer ကို မြန်စေတဲ့နည်းထဲက အကောင်းဆုံးနည်းပေးပါဘဲ။ ကျွန်တော်ပြောတာ မယုံရင် ပြန်လုပ်ကြပါ။ ပြီးရင် Computer ကို Restart ပြန်ဖွင့်ပြီး ပွင့်လာရင် မြန်သွားပါ့မယ်။
မှတ်ချက်။ ဒီပို့စ်ကို http://www.kyawswarnyein.com ဤနေရာ မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
Friday, October 29, 2010
by တောင်ပြာတန်းနဲ့မွေးရပ်မြေ
၂၉-၁၀-၂၀၁၀ အလုပ်တွေမအားလို့ ပို့စ်အသစ်တွေလဲ မတင်ဖြစ်တာကြာပါပြီ။ ဒီနေ့တော့ လာအိုနိုင်ငံရဲ့ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး သိသမျှလေးတွေကို မျှဝေချင်ပါတယ်။ ဒီနိုင်ငံရဲ့ တယ်လီဖုန်းသုံးစွဲဖို့ လွယ်ကူမှုကို ပြောရရင်တော့ အောင်မင်းလွန်တယ်လို့ ပြောမယ်ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကွမ်းယာစားချင်၊ ဆေးလိပ်သောက်ချင်ရင် နေရာမရွေး ရချင်မှ ရပါမယ်။ ဟင်းရွက်ကန်ဇွန်းလဲ အလွယ်တကူ မရနိုင်ပါဘူး။ ဒီနိုင်ငံမှာ အဲဒါထက် ပိုလွယ်ပါတယ်။ လမ်းဘေးဆိုင်၊ စတိုးဆိုင်တိုင်း လိုလိုမှာ GSM ဆင်းကတ် ၀ယ်လို့ရပါတယ်။ မှတ်ချက်-မြို့နဲ့ အလှမ်းဝေးသော တောရွာများပါ။ နာမည်ပြောစရာ မလိုပါဘူး။ နာမည်ပြောစရာ မလိုဘူးဆိုပြီး မှတ်ပုံတင် ပြရမှာပေါ့လို့တော့ မထင်နဲ့နော် ဟဲဟဲ… ဘာမှ ပြစရာမလိုဘူး ရောင်းတဲ့ဆိုင်မှာရှိတဲ့ နံပါတ်တွေထဲက ကြိုက်ရာနံပါတ် ရွေးဝယ်ရုံပါပဲ။
လာအိုနိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ(၄)ခုရှိပါတယ်။ အဲဒါတွေကတော့
(၁) M Phone / M phone 3G – Lao Telecommunications Company Limited (LTC)
(၂) ETL- Enterprise of Telecommunications Lao
(၃) Tigo - Millicom International Cellular
(၄) Unitel /Star - Star telecom Co., Ltd တို့ဖြစ်ပါတယ်။
M Phone / M phone 3G
ဒီကုမ္ပဏီကတော့ ၁၉၉၆ ခုနှစ်မှာ လာအိုအစိုးရက (၅၁%)၊ Shenington Investments ကုမ္ပဏီက (၄၉%)နဲ့ ပူးပေါင်း တည်ထောင်ခဲ့ပါသည်။ လာအိုနိုင်ငံမှာတော့ လူသုံးအများဆုံးလို့ ဆိုရမယ် ထင်ပါတယ်။ M phone ဆင်းကတ်တွေ အလကားရောင်းနေပါတယ်။ အလကားရောင်းတယ် ဆိုလို့ရှုပ်သွားပြီထင်တယ်။ ဒီလိုပါ ဆင်းကတ်ဝယ်ရင် လာအိုကစ် ၁၀၀၀၀ ပေးရပါတယ်။ အဲဒီထဲမှာ သူတို့ကုမ္ပဏီက ဖုန်းတွေ အချင်းချင်း/ M phone အချင်းချင်းပေါ့ဗျာ ဆက်သွယ် ပြောဆိုဖို့ ကစ် ၁၀၀၀၀ ပါပြီးသားပါ။ ဒါကြောင့် အလကားရောင်းတယ်လို့ ဆိုချင်တာပါ။ ဒါတင် မကသေးဘူးဗျ၊ တစ်လကို ကစ် ၂၀၀၀၀ လစဉ် ထပ်ဖြည့်ပေးသေးတယ်။ အဲဒီငွေတွေ ကတော့ M phone အချင်းချင်းအတွက်ပါပဲ ကိုယ်က အခြားကုမ္ပဏီက ဖုန်းတွေနဲ့ ဆက်သွယ်ဖို့အတွက်ကတော့ ငွေဖြည့်ကတ်ဝယ်ဖြည့်ရပါတယ်။ မိမိဖုန်းမှာ ငွေဘယ်လောက်ရှိတယ်ဆိုတာ သိချင်ရင်တော့ *122# ကိုခေါ်လိုက်ရင် သိနိုင်ပါတယ်။ ငွေဖြည့်ကတ်တွေကတော့ ၁၀၀၀၀ တန်၊ ၂၅၀၀၀ တန်၊ ၅၀၀၀၀ တန်၊ ၁၀၀၀၀၀ တန်တို့ အသီးသီးရှိပါတယ်။ မြန်မာငွေ နဲ့ တွက်မယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံ မှောင်ခိုဒေါ်လာငွေလဲနှုန်း ၈၈၀ ကျပ်၊ လက်ရှိ ဒီနိုင်ငံငွေလဲနှုန်း အရဆိုရင် မြန်မာငွေ ၁ ကျပ်=9.1 ကစ် လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကြိုးဖုန်းဆက်သွယ်မှုနဲ့ ပတ်သက်ပြီး အသိတစ်ယောက်အိမ်မှာ ဖုန်းကြိုးသွယ်တာနဲ့ ကြုံခဲ့ရပါတယ်။ ဒါနဲ့ နည်းနည်း စပ်စုကြည့်တော့ ပထမဆုံး လျှောက်လွှာတင်ရပါတယ်၊ လျှောက်လွှာကတော့ ဖုန်းရုံးက အလကားရပါတယ်။ အဲဒီလျှောက်လွှာမှာ ဖြည့်စရာရှိတာ ဖြည့်ပြီး ရပ်ကွက်/ သက်ဆိုင်ရာ ရုံး/ဌာန တံဆိပ်တုံးထုပြီး ဖုန်းရုံးကို တင်လိုက်ရပါတယ်။ နောက် ၁ ရက် ၂ ရက်မှာ ဖုန်းကြိုး ဘယ်ကွာဝေးသလဲဆိုတာ လာတိုင်းပါတယ်။ ပြီးတော့ ကျသင့်တဲ့ ဖုန်းတပ်ဆင်ခ လာအိုကစ် (၂)သိန်း၊ မီတာ (၁၅၀)အတွင်းဆိုရင် ဖုန်းကြိုးဖိုး ပေးစရာမလိုဘူး၊ မီတာ(၁၅၀)ကျော်ရင် ၁ မီတာကို ကစ် (၈၅၀) ပေးရတယ်လို့ဆိုပါတယ်။ ကျွန်တော့် အသိကတော့ မီတာ (၆၀)ပဲ ရှိတာဆိုတော့ ဖုန်းတပ်ဆင်ခပဲ ပေးရပါတယ်။ မြန်မာငွေနဲ့ဆို ၂၁၉၇၂.၅၃ ကျပ်ပဲ ကျပါတယ်။ နောက်တစ်ပတ်မှာ ဖုန်းကြိုး လာသွယ်ပေးမယ်လို့ ဆိုပါတယ်။ ကျွန်တော့်တို့၊ ကျွန်တော်တို့ နိုင်ငံသားတွေ အတွက်တော့ ရင်သပ် ရှုမောဖွယ်ရာပါပဲ။ ကြိုးဖုန်းတွေမှာ ငွေကြို ပြီးသွင်းစရာ မလိုပါဘူး။ မိုဘိုင်းဖုန်းကိုလဲ ငွေဖြည့်ကတ်နဲ့ မထည့်ပဲ ကြိုးဖုန်းလိုမျိုး နောက်မှ ငွေသွင်းချင်ရင်လဲ ရပါတယ်။ ဒါပေမယ့် တစ်လကို ကစ် ၅၀၀၀၀ မပြောပြော ပြောပြော လစဉ်ကြေးသွင်းရပါတယ်။ IR ဖုန်းလုပ်ရင်လဲ လွယ်ပါတယ်။ IR ဆိုတာကတော့ အောက်မှာ အရှည်ရေးထားပါတယ်။ လာအိုဖုန်းဆိုပေမယ့် ကုမ္ပဏီက သတ်မှတ်ထားတဲ့ အခြားနိုင်ငံက နေလဲ ခေါ်ဆို/လက်ခံ ပြောနိုင်ပါတယ်။ ဒါပေမယ့် အ၀င်/အထွက် ပေးချေရပြီး ခေါ်ဆို/လက်ခံ ဈေးနှုန်းက များပါတယ်။ ဒီကုမ္ပဏီရဲ့ ၀န်ဆောင်မှုတွေကတော့-
- Fixed Line Telephone, Public/ Rural Telephone Services
- Mobile Telephone Digital GSM 900/ 1800 MHz
- Wireless Fixed Line Telephone - CDMA2001X 450 MHz
- International Call: DD, VoIP
- International Roaming
- FLASH, the IPSTAR Broadband Internet Service
- Lao Internet, a Dial-up Internet Service
- ADSL Internet Broadband Service
- IR- International Roaming
- Other Services: SMS, VMS တို့ဖြစ်ပါတယ်။
ETL- Enterprise of Telecommunications Lao
ဒီကုမ္ပဏီကတော့ ၂၀၀၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၀န်ဆောင်မှုတွေကတော့-
ETL Mobile - ETL GSM (Post Paid), P-Phone (Pre-Paid), GPRS, SMS & VMS, Value Added Service, IR Service.
Internet Service- ADSL, HHU, HIL, Wi-net, Wi-move, Web Hosting, Dial up, Net Card.
PSTN Fixed Phone
Inter Gateway တို့ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပြည်ပဖုန်းခေါ်ဆိုခ အသက်သာဆုံး ဖြစ်ပါတယ်။
TiGO
ဒီကုမ္ပဏီကတော့ ၂၀၀၃ ခုနှစ်မှာ လာအိုအစိုးရနဲ့ ဖက်စပ်တည်ထောင်ထားတာပါ။ အစကတော့ Tango နာမည်ပါ ၂၀၀၇ ခုနှစ်မှာ TiGO အမည်ကို ပြောင်းလဲခဲ့ပါတယ်။ လက်ရှိမှာတော့ ဗီယင်ကျန်းမြို့တော်၊ လွမ်ပရာဘန်၊ ဆဘာနာခက်၊ ပက်ဆေးမြို့တို့မှာပဲ ရပါ သေးတယ်။ ၀န်ဆောင်မှုတွေကတော့ Management System, Domestic Call, International call, IR, TiGO Menu, Voice Mail, TiGO EDGE/GPRS, SMS, MMS, TIGO Internet တို့ဖြစ်ပါတယ်။
Unitel /Star
ဒါကတော့ လာအိုအစိုးရပိုင် လုပ်ငန်းဖြစ်ပြီးတော့ ၁-၁၂-၂၀၀၁ မှာ Lao-Asia Telecom (LAT Phone) အဖြစ် စတင်ထူထောင်ခဲ့တာပါ။ ၂၄-၁၁-၂၀၀၇ မှာ Star telecom Co.,Ltd အဖြစ် နာမည် ပြောင်းပြီး Star phone အဖြစ်နဲ့ ဈေးကွက်ထဲဝင်ခဲ့ပါတယ်။ ၁၆-၁၀-၂၀၀၉ ခုနှစ်မှာ Unitel နာမည်ကို ထပ်ပြောင်းခဲ့ပါတယ်။ အခုလောလောဆယ်တော့ M phone လို ဆင်းကတ် အလကားရောင်းနေပါတယ်။ ဒါတင်မကဘူးဗျ ဆင်းကတ်ရယ် + ဖုန်း ကို ကစ် ၁၇၀၀၀၀ နဲ့ ရောင်းနေပါတယ်။ မြန်မာငွေနဲ့ဆို ၁၈၆၇၆.၆၅ ကျပ် လောက်ပါပဲ။ လစဉ် Unitel ဖုန်းအချင်းချင်းပြောဖို့အတွက် ကစ် ၂၀၀၀၀ ထည့်ပေးပါသေးတယ်။ ဖုန်းကတော့ Colour စကင်နဲ့ပါ၊ ကင်မရာတော့မပါဘူး။ ဖုန်းကိုသာ အသုံးပြုလိုသူတွေအတွက်တော့ တော်တော် ကောင်းပါတယ်။ ပေါ့ပေါ့ပါးပါး လေးပါ။ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေဗျာ....။
Powered by Blogger.
| Justin Bieber - Baby .mp3 | ||
| ||
![]() | Found at bee mp3 search engine | ![]() |
ပို့စ်အသစ်များဖတ်ရှုလိုပါလျှင်
သင့်ရဲ့အီးမေးလ်သာ ထားခဲ့ပါ။ပို့စ်တင်ပြီးတိုင်း ပို့ပေးပါ့မယ်
မြန်မာစံတော်ချိန်
!-end>!-local>
လာအို စံတော်ချိန်
!-end>!-local>


























