ကွန်ပျူတာ Windows တက်ပြီးတာနဲ့ အလုပ်စလုပ်လို့ရအောင်

Tuesday, November 23, 2010 by: တောင်ပြာတန်းနဲ့မွေးရပ်မြေ

         အချို့သော Computer တွေမှာဆိုရင် Computer ကိုဖွင့်လိုက်တာနဲ့ သုံးလို့မရပါဘူး။ ဘာမဟုတ်တဲ့ Program တွေကို Load နေတာနဲ့ စောင့်ရတာ နာရီဝတ်တောင် ကြာပါတယ်။ အရေးတကြီး Computer သုံးဖို့ဖွင့်တာ ပွင့်သွားပြီး မသုံးရဘဲနဲ ထိုင်စောင့်နေရတဲ့ အချိန်တွေကလဲ မနဲတော့ပါဘူး။ ကျွန်တော့ Computer တာဆိုရင် ကြွားတာတော့ မဟုတ်ဘူး ဖွင့်တာနဲ့ သုံးလို့ရပြီး။ ဘာမှကိုမစောင့်ရဘူး။

အခုကျွန်တော့ Computer တာဖွင့်တာနဲ့ Direct သုံးလို့ရအောင် ဒီ Tutorial လေးကို Share လိုက်ပါတယ်။ ပထမဦးဆုံး Run ကိုသွားပြီး msconfig လို့ရေးပြီး Enter ခေါက်လိုက်ပါ။ [ Run ကို Windows Key နဲ့ R နဲ့တွဲနှိပ်ပြီး သွားလို့ရပါတယ်။ ]
KyawswarNyein.Com_Windows_Run_M_S_C_O_N_F_I_G.png
ပြီးလို့ရှိရင်တော့ Start Up Tab ကိုသွားပြီး မလိုအပ်တဲ့ Program တွေကို Un-Select လုပ်လိုက်ပါ။
KyawswarNyein.Com_Windows_Run_M_S_C_O_N_F_I_G_Start_Up.png
ကျွန်တော့ Computer မှာကတော့ Google Talk, Microsoft Security Essential, G-iDle စသည့် ဟာတွေကို ဘဲ Start Up မှာ Select လုပ်ထားပါတယ်။ ကျန်တဲ့ VZOChat စသည့် ဟာတွေကို ကြတော့သုံးတော့ သုံးတယ်ဗျ။ ဒါပေမဲ့ အရေးမကြီးဘူး Computer တာနှေးမှာကြောင့်လို့ Un-Select လုပ်ထားတာ။

ဒီ Tutorial လေးလဲ Computer ကို မြန်စေတဲ့နည်းထဲက အကောင်းဆုံးနည်းပေးပါဘဲ။ ကျွန်တော်ပြောတာ မယုံရင် ပြန်လုပ်ကြပါ။ ပြီးရင် Computer ကို Restart ပြန်ဖွင့်ပြီး ပွင့်လာရင် မြန်သွားပါ့မယ်။

မှတ်ချက်။ ဒီပို့စ်ကို http://www.kyawswarnyein.com ဤနေရာ မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။