Power Defragmenter 3.0 လေးပါခင်ဗျာ
Saturday, January 22, 2011 by: တောင်ပြာတန်းနဲ့မွေးရပ်မြေDisk Defragmenter လုပ်ရာမှာ အခက်တွေ့ နေသူများအတွက် လိုရင်အောက်မှာ ဒေါင်းယူ လိုက်ပါ။
ကျွန်တော့်စက်မှာ Defragment လုပ်တဲ့အခါမှာ
ဒီလိုပုံစံတွေပဲ တက်တက်လာပါတယ်၊ Defragment မလုပ်တာ ကြာလို့လားမသိပါဘူး။ ကျွန်တော့ ကလေးတွေ ကလဲ စံတင်လောက်အောင် ဆော့ပါတယ်။ ဂိမ်းဆော့ရတာတင် အားမရဘူး ဟိုဖိုင်ဖွင့် ဒီဖိုင်ဖွင့် ဟိုဖိုဒါဖွင့် ဒီဖိုဒါဖွင့် နဲ့ လူကတော့ နှစ်ယောက် ပေါင်းလို့တောင် (၁၀)နှစ် မပြည့် သေးပါဘူး။ ဘာကြောင့် ဖြစ်တယ်ဆိုတာ အဖြေ မသိတော့ ကြံကာမရ မြန်မာ ဘလော့တွေမှာ လိုက်ရှာရ ပါတော့တယ်။ ကံအားလျော်စွာပဲ Manawthar Blog မှာတွေ့ရပါတယ်။ ဒါနဲ့ ဒေါင်းပြီး သုံးကြည့်တဲ့ အခါ တော်တော်လေး ကြေနပ် လောက်အောင် ကောင်းတာ တွေ့ရပါတယ်။ Manawthar Blogger ကိုလဲ ကျေးဇူးတင်မိပါတယ်။ အသုံးပြုတာတော့ သိပ်အခက်အခဲမရှိပါဘူး၊ ဘယ်လို သုံးရတယ်ဆိုတာ သိချင်ရင်တော့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။
Reference: http://www.manawthar.com/2009/02/power-defragmenter.html




