Saturday, January 22, 2011
by တောင်ပြာတန်းနဲ့မွေးရပ်မြေ
Disk Defragmenter လုပ်ရာမှာ အခက်တွေ့ နေသူများအတွက် လိုရင်အောက်မှာ ဒေါင်းယူ လိုက်ပါ။
ကျွန်တော့်စက်မှာ Defragment လုပ်တဲ့အခါမှာ
ဒီလိုပုံစံတွေပဲ တက်တက်လာပါတယ်၊ Defragment မလုပ်တာ ကြာလို့လားမသိပါဘူး။ ကျွန်တော့ ကလေးတွေ ကလဲ စံတင်လောက်အောင် ဆော့ပါတယ်။ ဂိမ်းဆော့ရတာတင် အားမရဘူး ဟိုဖိုင်ဖွင့် ဒီဖိုင်ဖွင့် ဟိုဖိုဒါဖွင့် ဒီဖိုဒါဖွင့် နဲ့ လူကတော့ နှစ်ယောက် ပေါင်းလို့တောင် (၁၀)နှစ် မပြည့် သေးပါဘူး။ ဘာကြောင့် ဖြစ်တယ်ဆိုတာ အဖြေ မသိတော့ ကြံကာမရ မြန်မာ ဘလော့တွေမှာ လိုက်ရှာရ ပါတော့တယ်။ ကံအားလျော်စွာပဲ Manawthar Blog မှာတွေ့ရပါတယ်။ ဒါနဲ့ ဒေါင်းပြီး သုံးကြည့်တဲ့ အခါ တော်တော်လေး ကြေနပ် လောက်အောင် ကောင်းတာ တွေ့ရပါတယ်။ Manawthar Blogger ကိုလဲ ကျေးဇူးတင်မိပါတယ်။ အသုံးပြုတာတော့ သိပ်အခက်အခဲမရှိပါဘူး၊ ဘယ်လို သုံးရတယ်ဆိုတာ သိချင်ရင်တော့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။
Reference: http://www.manawthar.com/2009/02/power-defragmenter.html
Sunday, January 9, 2011
by တောင်ပြာတန်းနဲ့မွေးရပ်မြေ

အားလုံးပဲ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်း ကြပါစေလို့ ဆုတောင်း မေတ္တာပေးပို့သ အပ်ပါတယ်။ ဒီနေ့တော့ ဂိမ်းဝါသနာအိုးများ အတွက် ကမ်းခြေ တိုက်ပွဲလေးပါ။ လေယာဉ်တွေကို တစ်နေရာတည်းကနေ ထိုင်ပြီး ပစ်ခတ် တိုက်ခိုက်ချင်သူများ အတွက်ပါ။ ဘာကီးမှ မလိုပါဘူး။ Win rar file size (83.3 MB)၊ ဖိုင်ဖြေပြီးရင်တော့ size က (85.7 MB) ပါ။ လိုချင်ရင်တော့ ဒီမှာ ဒေါင်းပါ။
ဒီဂိမ်းကို တင်ပေးလိုက်ပေမဲ့လဲ ကျွန်တော်ကတော့ အချိန်ကြာမြင့်စွာ ဂိမ်း ကစား တာကို အားမပေးပါဘူး၊ အပြင်းပြေ တခါတရံ မှာ ခဏတာ ကစားတာပဲ ကောင်းတယ်လို့ ယူဆပါတယ်။ အချိန် ကြာမြင့်စွာ ဂိမ်းကစားခြင်းကြောင့် ဇက်ကြောတက်မယ်၊ မျက်လုံးတွေ ကိုက်မယ် ပြီးတော့ ညောင်းညာ ကိုက်ခဲမယ် ဘာမှလဲ ထူးခြားတဲ့ အကျိုးကျေးဇူး သိပါမရှိပါဘူး။ အပေါ်မှာ အဆင် မပြေရင် ဒီမှာ ဒေါင်းပါ။.......။

Powered by Blogger.
Justin Bieber - Baby .mp3 | ||
![]() | ||
![]() | Found at bee mp3 search engine | ![]() |
ပို့စ်အသစ်များဖတ်ရှုလိုပါလျှင်
သင့်ရဲ့အီးမေးလ်သာ ထားခဲ့ပါ။ပို့စ်တင်ပြီးတိုင်း ပို့ပေးပါ့မယ်
မြန်မာစံတော်ချိန်
!-end>!-local>
လာအို စံတော်ချိန်
!-end>!-local>