Wednesday, December 14, 2011 by တောင်ပြာတန်းနဲ့မွေးရပ်မြေ
ပို့စ် အသစ်မတင်ဖြစ်တာ (၆)လောက်လဲကြာရော ဘလော့ကဖွင့်လို့ မရတော့ပါဘူး။ ဒါနဲ့ ဟိုမေးဒီမေးနဲ့ ပြည်ပမှာ ဆိုရင်ဖွင့်ရတယ်ဆိုလို့ ပြည်ပက တစ်ယောက်ကို လိုအပ်တဲ့ ချက်အလက်တွေ ပေးပြီး အကူအညီတောင်းလိုက်တာ အဆင်ပြေသွားပါတယ်။
Sunday, May 15, 2011 by တောင်ပြာတန်းနဲ့မွေးရပ်မြေ
ကိုယ့်ဂျီမေးအကောင့် သူများစက်မှာ မကျန်ခဲ့အောင် လုပ်နည်းလေးကို မောင်စေတနာ ဘလော့မှ ကူးယူဖော်လိုက်ပါတယ်။ ခွင့်မတောင်းပဲ ကူးယူတဲ့အတွက် မောင်စေတနာ ခွင့်လွှတ်စေချင်ပါတယ်။ လုပ်နည်းလေးကတော့

၁) Start မှ Run box ကို ဖွင့်ပြီး regedit ကို ရိုက်ထည့် ဖွင့်ရန်။
၂) HKEY CURRENT USER မှ Software မှ Google မှ Google Talk မှ Accounts ကို နှိပ်ပါ။
၃) ညာဘက်တွင် o ကို ဖွင့်ပါ။ Gtalk Account များ တွေ့ပါက ဖျက်ပါ။
၎) ဘယ်ဘက်ရှိ Account အောက်က Gtalk Name များကို Delete လုပ်ပါ။

နောက်ဆံတင်းမှု ကင်းဝေးကြပါစေ။
Wednesday, May 11, 2011 by တောင်ပြာတန်းနဲ့မွေးရပ်မြေ
Sunday, February 20, 2011 by တောင်ပြာတန်းနဲ့မွေးရပ်မြေ
အပြင်းပြေ ဂိမ်းကစားချင်သူများ အတွက် အရုပ် လေးတွေ တူရာရွေးတဲ့ ကစားနည်းလေးပါ။ (၃)ဆစ်ပဲ ချိုးခွင့်ရှိပါတယ်။ ပေါ့တေးပဲလေးပါ။ ဒီမှာ ဒေါင်းလိုက်ပါ။






ဂိမ်းကို ကြာရှည် ကစားဖို့အတွက် (ဒု)ပုံမှာ ပြထားတဲ့ (M) ပါတဲ့ မင်ညူးက မှန်ချစ်ကို off လိုက်ပါ။
အောက်က လင့်တွေ တစ်ခုခုမှာလဲ ဒေါင်းနိုင်ပါတယ်။
Saturday, January 22, 2011 by တောင်ပြာတန်းနဲ့မွေးရပ်မြေ
Disk Defragmenter လုပ်ရာမှာ အခက်တွေ့ နေသူများအတွက် လိုရင်အောက်မှာ ဒေါင်းယူ လိုက်ပါ။ 








ကျွန်တော့်စက်မှာ Defragment လုပ်တဲ့အခါမှာ

ဒီလိုပုံစံတွေပဲ တက်တက်လာပါတယ်၊ Defragment မလုပ်တာ ကြာလို့လားမသိပါဘူး။ ကျွန်တော့ ကလေးတွေ ကလဲ စံတင်လောက်အောင် ဆော့ပါတယ်။ ဂိမ်းဆော့ရတာတင် အားမရဘူး ဟိုဖိုင်ဖွင့် ဒီဖိုင်ဖွင့် ဟိုဖိုဒါဖွင့် ဒီဖိုဒါဖွင့် နဲ့ လူကတော့ နှစ်ယောက် ပေါင်းလို့တောင် (၁၀)နှစ် မပြည့် သေးပါဘူး။ ဘာကြောင့် ဖြစ်တယ်ဆိုတာ အဖြေ မသိတော့ ကြံကာမရ မြန်မာ ဘလော့တွေမှာ လိုက်ရှာရ ပါတော့တယ်။  ကံအားလျော်စွာပဲ Manawthar Blog မှာတွေ့ရပါတယ်။ ဒါနဲ့ ဒေါင်းပြီး သုံးကြည့်တဲ့ အခါ တော်တော်လေး ကြေနပ် လောက်အောင် ကောင်းတာ တွေ့ရပါတယ်။  Manawthar Blogger ကိုလဲ ကျေးဇူးတင်မိပါတယ်။ အသုံးပြုတာတော့ သိပ်အခက်အခဲမရှိပါဘူး၊ ဘယ်လို သုံးရတယ်ဆိုတာ သိချင်ရင်တော့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

Reference: http://www.manawthar.com/2009/02/power-defragmenter.html
Sunday, January 9, 2011 by တောင်ပြာတန်းနဲ့မွေးရပ်မြေ


    အားလုံးပဲ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်း ကြပါစေလို့ ဆုတောင်း မေတ္တာပေးပို့သ အပ်ပါတယ်။ ဒီနေ့တော့ ဂိမ်းဝါသနာအိုးများ အတွက် ကမ်းခြေ တိုက်ပွဲလေးပါ။ လေယာဉ်တွေကို တစ်နေရာတည်းကနေ ထိုင်ပြီး ပစ်ခတ် တိုက်ခိုက်ချင်သူများ အတွက်ပါ။ ဘာကီးမှ မလိုပါဘူး။ Win rar file size (83.3 MB)၊ ဖိုင်ဖြေပြီးရင်တော့ size က (85.7 MB) ပါ။ လိုချင်ရင်တော့ ဒီမှာ ဒေါင်းပါ။

        ဒီဂိမ်းကို တင်ပေးလိုက်ပေမဲ့လဲ ကျွန်တော်ကတော့ အချိန်ကြာမြင့်စွာ ဂိမ်း ကစား တာကို အားမပေးပါဘူး၊ အပြင်းပြေ တခါတရံ မှာ ခဏတာ ကစားတာပဲ ကောင်းတယ်လို့ ယူဆပါတယ်။ အချိန် ကြာမြင့်စွာ ဂိမ်းကစားခြင်းကြောင့် ဇက်ကြောတက်မယ်၊  မျက်လုံးတွေ ကိုက်မယ် ပြီးတော့ ညောင်းညာ ကိုက်ခဲမယ် ဘာမှလဲ ထူးခြားတဲ့ အကျိုးကျေးဇူး သိပါမရှိပါဘူး။ အပေါ်မှာ အဆင် မပြေရင် ဒီမှာ ဒေါင်းပါ။.......။

Powered by Blogger.
Justin Bieber - Baby .mp3
Found at bee mp3 search engine