ပတ်ထူဆိုင်းပန်းခြံ (Patuxai Park)
Tuesday, October 12, 2010 by: တောင်ပြာတန်းနဲ့မွေးရပ်မြေ
ပတ်ထူဆိုင်းပန်းခြံ (Patuxai Park)မှာ အောင်မြင်ရေးမုဒ်ဦး (ခေါ်) ပတ်ထူဆိုင်း(ခေါ်) အနုဆာဝါရီ ကတော့ ၁၉၆၂ ခုနှစ်မှာ အမေရိကန်နိုင်ငံက လေယာဉ်ကွင်းဖောက်ဖို့ ပေးတဲ့ငွေတွေနဲ့ ပြင်သစ် ကိုလိုနီကို တော်လှန်လို့ အောင်မြင်တဲ့ အထိမ်းအမှတ် အဖြစ် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီပုံကတော့ ပတ်ထူဆိုင်း ပန်းခြံ ကောင်းကင် ဓာတ်ပုံ ဖြစ်ပါတယ်။
-မျှားနီနေရာက အောင်မြင်ရေးမုဒ်ဦး (ခေါ်) ပတ်ထူဆိုင်း (ခေါ်) အနုဆာဝါရီ ဖြစ်ပါတယ်။
-မျှားအပြာရောင်က ကမ္ဘာ့ငြိမ်းချမ်းရေးမောင်း (World Peace Gong) ဖြစ်ပါတယ်။
-မျှားအပြာနုရောင်ကတော့ ရေပန်းကန် ဖြစ်ပါတယ်။
ဒီနေရာကို မရောက်ခဲ့ရင် လာအိုနိုင်ငံ၊ ဗီယင်ကျန်း မြို့ကို မရောက်တာနဲ့ အတူတူလိုပါပဲ။ လာအို နိုင်ငံရဲ့ မျက်နှာစာတစ်ခု ဆိုရင်လဲ မှားမယ် မထင်ပါဘူး။
အတွင်းပိုင်းမှာ အပေါ်ကိုတက်တဲ့ လှေကားရှိပြီး အပေါ်ဆုံး အမိုးနားအထိ တက်လို့ရပါတယ်။ အပေါ် တက်ရင်တော့ လာအိုကစ် (၅၀၀၀)ပေးရပါတယ်။ ဆင်းဖို့အတွက် သီးခြား လှေကားတစ်ခုရှိပါတယ်။
တိုင်လိုပုံစံ လေးခုရှိရာမှာ ဒေါင့်တန်းပေါ့ တစ်ဖက်က အတက်လှေကား၊ တဖက်က အဆင်းလှေကားပါ။
ဒီပုံကတော့ အောက်ကနေ မြင်ရတဲ့ မျက်နှာကျက်ပါ။
လာအိုရိုးရာ ယဉ်ကျေးမှု အနုပညာများနဲ့ ချယ်မှုန်း ထားတာကို တွေ့ရမှာဖြစ်ပါတယ်။
အလယ်မှာ အထပ် ၂ ထပ်ရှိပြီးတော့ လာအိုရိုးရာ အထည်တွေ၊ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေနဲ့ အမှတ်တရ ပစ္စည်းတွေ ရောင်းချနေတာ တွေ့ရ ပါတယ်။
အပေါ်ဆုံးထပ်ကို တက်တဲ့ လှေကားပါ။
ပတ်ထူဆိုင်း အပေါ်ဆုံးထပ်ကနေ တွေ့ရတဲ့ ပန်ခြံဘက် မြင်ကွင်းပါ။
အပေါ်ဆုံးထပ်ကနေမြင်ရတဲ့ သမ္မတနန်းတော်ဘက် မြင်ကွင်းပါ။
အပေါ်ဆုံးထပ်နေ တွေ့ရတဲ့ မြင်ကွင်းတစ်ခုပါ။

ဒီကမ္ဘာ့ငြိမ်းချမ်းရေးမောင်း ကို အင်ဒိုနီးရှားနိုင်ငံ ကမ္ဘာ့ငြိမ်းချမ်း ရေးကောင်စီကနေ ချီးမြှင့်ခဲ့တာပါ။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီငြိမ်းချမ်းရေးမောင်း မှာ နိုင်ငံပေါင်းများစွာက အလံတွေကို တွေ့ရမှာဖြစ်ပါတယ်။
ဒီငြိမ်းချမ်းရေးမောင်းရဲ့ အဓိပ္ပါယ်ကတော့ လာအို နိုင်ငံမှာ အစိုးရကို တော်လှန်နေတဲ့ သောင်းကျန်းသူ မရှိဘူးဆိုတာပါပဲ။
ဒါကတော့ ငြိမ်းချမ်းရေးမောင်းအနီးမှာ ရှိတဲ့ ရေပန်း ရေကန်တစ်ခုပါ။
ဒါကတော့ ပတ်ထူဆိုင်းအနီးက ရေပန်းကန်ပါ။
ဒါကတော့ ပတ်ထူဆိုင်းအနီးက ရေပန်းကန်ပါပဲ။
ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်းဖြင့် အားကစား လုပ်တဲ့သူတွေ ကတော့ ဒီပန်းခြံ ဘေးပတ်လည်မှာရှိတဲ့ ပလက်ဖောင်းမှာ ပတ်ပြီး လမ်းလျှောက်လေ့ရှိကြပါတယ်။
အထူးသဖြင့် ညနေပိုင်းမှာတော့ လာအို အလှပဂေး လေးတွေ ဘောင်းဘီတို လေးတွေနဲ့ မြင်ကွင်း ကတော့.....ဟဲ....ဟဲ.....ဟဲ..
ပြီးပါပြီး။။။