Friday, October 29, 2010 by တောင်ပြာတန်းနဲ့မွေးရပ်မြေ


၂၉-၁၀-၂၀၁၀ အလုပ်တွေမအားလို့ ပို့စ်အသစ်တွေလဲ မတင်ဖြစ်တာကြာပါပြီ။ ဒီနေ့တော့ လာအိုနိုင်ငံရဲ့ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး သိသမျှလေးတွေကို မျှဝေချင်ပါတယ်။ ဒီနိုင်ငံရဲ့ တယ်လီဖုန်းသုံးစွဲဖို့ လွယ်ကူမှုကို ပြောရရင်တော့ အောင်မင်းလွန်တယ်လို့ ပြောမယ်ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကွမ်းယာစားချင်၊ ဆေးလိပ်သောက်ချင်ရင် နေရာမရွေး ရချင်မှ ရပါမယ်။ ဟင်းရွက်ကန်ဇွန်းလဲ အလွယ်တကူ မရနိုင်ပါဘူး။ ဒီနိုင်ငံမှာ အဲဒါထက် ပိုလွယ်ပါတယ်။ လမ်းဘေးဆိုင်၊ စတိုးဆိုင်တိုင်း လိုလိုမှာ GSM ဆင်းကတ် ၀ယ်လို့ရပါတယ်။ မှတ်ချက်-မြို့နဲ့ အလှမ်းဝေးသော တောရွာများပါ။ နာမည်ပြောစရာ မလိုပါဘူး။ နာမည်ပြောစရာ မလိုဘူးဆိုပြီး မှတ်ပုံတင် ပြရမှာပေါ့လို့တော့ မထင်နဲ့နော် ဟဲဟဲ… ဘာမှ ပြစရာမလိုဘူး ရောင်းတဲ့ဆိုင်မှာရှိတဲ့ နံပါတ်တွေထဲက ကြိုက်ရာနံပါတ် ရွေးဝယ်ရုံပါပဲ။
လာအိုနိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီ(၄)ခုရှိပါတယ်။ အဲဒါတွေကတော့
(၁)     M Phone / M phone 3G Lao Telecommunications Company Limited (LTC)
(၂)     ETL- Enterprise of Telecommunications Lao
(၃)     Tigo - Millicom International Cellular
(၄)     Unitel /Star - Star telecom Co., Ltd  တို့ဖြစ်ပါတယ်။


M Phone / M phone 3G  
ဒီကုမ္ပဏီကတော့ ၁၉၉၆ ခုနှစ်မှာ လာအိုအစိုးရက (၅၁%)၊ Shenington Investments ကုမ္ပဏီက (၄၉%)နဲ့ ပူးပေါင်း တည်ထောင်ခဲ့ပါသည်။ လာအိုနိုင်ငံမှာတော့ လူသုံးအများဆုံးလို့ ဆိုရမယ် ထင်ပါတယ်။ M phone ဆင်းကတ်တွေ အလကားရောင်းနေပါတယ်။ အလကားရောင်းတယ် ဆိုလို့ရှုပ်သွားပြီထင်တယ်။ ဒီလိုပါ ဆင်းကတ်ဝယ်ရင် လာအိုကစ် ၁၀၀၀၀ ပေးရပါတယ်။ အဲဒီထဲမှာ သူတို့ကုမ္ပဏီက ဖုန်းတွေ အချင်းချင်း/ M phone အချင်းချင်းပေါ့ဗျာ ဆက်သွယ် ပြောဆိုဖို့ ကစ် ၁၀၀၀၀ ပါပြီးသားပါ။ ဒါကြောင့် အလကားရောင်းတယ်လို့ ဆိုချင်တာပါ။ ဒါတင် မကသေးဘူးဗျ၊ တစ်လကို ကစ် ၂၀၀၀၀ လစဉ် ထပ်ဖြည့်ပေးသေးတယ်။ အဲဒီငွေတွေ ကတော့ M phone အချင်းချင်းအတွက်ပါပဲ ကိုယ်က အခြားကုမ္ပဏီက ဖုန်းတွေနဲ့ ဆက်သွယ်ဖို့အတွက်ကတော့ ငွေဖြည့်ကတ်ဝယ်ဖြည့်ရပါတယ်။ မိမိဖုန်းမှာ ငွေဘယ်လောက်ရှိတယ်ဆိုတာ သိချင်ရင်တော့ *122# ကိုခေါ်လိုက်ရင် သိနိုင်ပါတယ်။ ငွေဖြည့်ကတ်တွေကတော့ ၁၀၀၀၀ တန်၊ ၂၅၀၀၀ တန်၊ ၅၀၀၀၀ တန်၊ ၁၀၀၀၀၀ တန်တို့ အသီးသီးရှိပါတယ်။ မြန်မာငွေ နဲ့ တွက်မယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံ မှောင်ခိုဒေါ်လာငွေလဲနှုန်း ၈၈၀ ကျပ်၊ လက်ရှိ ဒီနိုင်ငံငွေလဲနှုန်း အရဆိုရင် မြန်မာငွေ ၁ ကျပ်=9.1 ကစ် လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကြိုးဖုန်းဆက်သွယ်မှုနဲ့ ပတ်သက်ပြီး အသိတစ်ယောက်အိမ်မှာ ဖုန်းကြိုးသွယ်တာနဲ့ ကြုံခဲ့ရပါတယ်။ ဒါနဲ့ နည်းနည်း စပ်စုကြည့်တော့ ပထမဆုံး လျှောက်လွှာတင်ရပါတယ်၊ လျှောက်လွှာကတော့ ဖုန်းရုံးက အလကားရပါတယ်။ အဲဒီလျှောက်လွှာမှာ ဖြည့်စရာရှိတာ ဖြည့်ပြီး ရပ်ကွက်/ သက်ဆိုင်ရာ ရုံး/ဌာန တံဆိပ်တုံးထုပြီး ဖုန်းရုံးကို တင်လိုက်ရပါတယ်။ နောက် ၁ ရက် ၂ ရက်မှာ ဖုန်းကြိုး ဘယ်ကွာဝေးသလဲဆိုတာ လာတိုင်းပါတယ်။ ပြီးတော့ ကျသင့်တဲ့  ဖုန်းတပ်ဆင်ခ လာအိုကစ် (၂)သိန်း၊ မီတာ (၁၅၀)အတွင်းဆိုရင် ဖုန်းကြိုးဖိုး ပေးစရာမလိုဘူး၊ မီတာ(၁၅၀)ကျော်ရင် ၁ မီတာကို ကစ် (၈၅၀) ပေးရတယ်လို့ဆိုပါတယ်။ ကျွန်တော့် အသိကတော့ မီတာ (၆၀)ပဲ ရှိတာဆိုတော့ ဖုန်းတပ်ဆင်ခပဲ ပေးရပါတယ်။ မြန်မာငွေနဲ့ဆို ၂၁၉၇၂.၅၃ ကျပ်ပဲ ကျပါတယ်။ နောက်တစ်ပတ်မှာ ဖုန်းကြိုး လာသွယ်ပေးမယ်လို့ ဆိုပါတယ်။ ကျွန်တော့်တို့၊ ကျွန်တော်တို့ နိုင်ငံသားတွေ အတွက်တော့ ရင်သပ် ရှုမောဖွယ်ရာပါပဲ။ ကြိုးဖုန်းတွေမှာ ငွေကြို ပြီးသွင်းစရာ မလိုပါဘူး။ မိုဘိုင်းဖုန်းကိုလဲ ငွေဖြည့်ကတ်နဲ့ မထည့်ပဲ ကြိုးဖုန်းလိုမျိုး နောက်မှ ငွေသွင်းချင်ရင်လဲ ရပါတယ်။ ဒါပေမယ့် တစ်လကို ကစ် ၅၀၀၀၀ မပြောပြော ပြောပြော လစဉ်ကြေးသွင်းရပါတယ်။ IR ဖုန်းလုပ်ရင်လဲ လွယ်ပါတယ်။ IR ဆိုတာကတော့ အောက်မှာ အရှည်ရေးထားပါတယ်။ လာအိုဖုန်းဆိုပေမယ့် ကုမ္ပဏီက သတ်မှတ်ထားတဲ့ အခြားနိုင်ငံက နေလဲ ခေါ်ဆို/လက်ခံ ပြောနိုင်ပါတယ်။ ဒါပေမယ့် အ၀င်/အထွက် ပေးချေရပြီး ခေါ်ဆို/လက်ခံ ဈေးနှုန်းက များပါတယ်။
 ဒီကုမ္ပဏီရဲ့ ၀န်ဆောင်မှုတွေကတော့-
  • Fixed Line Telephone, Public/ Rural Telephone Services
  • Mobile Telephone Digital GSM 900/ 1800 MHz
  • Wireless Fixed Line Telephone - CDMA2001X 450 MHz
  • International Call: DD, VoIP
  • International Roaming
  • FLASH, the IPSTAR Broadband Internet Service
  • Lao Internet, a Dial-up Internet Service
  • ADSL Internet Broadband Service
  • IR- International Roaming
  • Other Services: SMS, VMS တို့ဖြစ်ပါတယ်။

ETL- Enterprise of Telecommunications Lao

ဒီကုမ္ပဏီကတော့ ၂၀၀၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၀န်ဆောင်မှုတွေကတော့-
ETL Mobile -  ETL GSM (Post Paid), P-Phone (Pre-Paid), GPRS, SMS & VMS, Value Added Service, IR Service.
Internet Service- ADSL, HHU, HIL, Wi-net, Wi-move, Web Hosting, Dial up, Net Card.
Leased Line
Over Sea Call - e-Call 188
PSTN Fixed Phone
Inter Gateway တို့ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပြည်ပဖုန်းခေါ်ဆိုခ အသက်သာဆုံး ဖြစ်ပါတယ်။

TiGO
          ဒီကုမ္ပဏီကတော့ ၂၀၀၃  ခုနှစ်မှာ လာအိုအစိုးရနဲ့ ဖက်စပ်တည်ထောင်ထားတာပါ။ အစကတော့ Tango နာမည်ပါ ၂၀၀၇ ခုနှစ်မှာ TiGO အမည်ကို ပြောင်းလဲခဲ့ပါတယ်။ လက်ရှိမှာတော့ ဗီယင်ကျန်းမြို့တော်၊ လွမ်ပရာဘန်၊ ဆဘာနာခက်၊ ပက်ဆေးမြို့တို့မှာပဲ ရပါ သေးတယ်။ ၀န်ဆောင်မှုတွေကတော့ Management System, Domestic Call, International call, IR, TiGO Menu, Voice Mail, TiGO EDGE/GPRS, SMS, MMS, TIGO Internet တို့ဖြစ်ပါတယ်။

Unitel /Star
          ဒါကတော့ လာအိုအစိုးရပိုင် လုပ်ငန်းဖြစ်ပြီးတော့ ၁-၁၂-၂၀၀၁ မှာ Lao-Asia Telecom (LAT Phone) အဖြစ် စတင်ထူထောင်ခဲ့တာပါ။ ၂၄-၁၁-၂၀၀၇ မှာ Star telecom Co.,Ltd အဖြစ် နာမည် ပြောင်းပြီး Star phone အဖြစ်နဲ့ ဈေးကွက်ထဲဝင်ခဲ့ပါတယ်။ ၁၆-၁၀-၂၀၀၉ ခုနှစ်မှာ Unitel နာမည်ကို ထပ်ပြောင်းခဲ့ပါတယ်။ အခုလောလောဆယ်တော့ M phone လို ဆင်းကတ် အလကားရောင်းနေပါတယ်။ ဒါတင်မကဘူးဗျ ဆင်းကတ်ရယ် + ဖုန်း ကို ကစ် ၁၇၀၀၀၀ နဲ့ ရောင်းနေပါတယ်။ မြန်မာငွေနဲ့ဆို ၁၈၆၇၆.၆၅ ကျပ် လောက်ပါပဲ။ လစဉ် Unitel ဖုန်းအချင်းချင်းပြောဖို့အတွက် ကစ် ၂၀၀၀၀ ထည့်ပေးပါသေးတယ်။ ဖုန်းကတော့ Colour စကင်နဲ့ပါ၊ ကင်မရာတော့မပါဘူး။ ဖုန်းကိုသာ အသုံးပြုလိုသူတွေအတွက်တော့ တော်တော် ကောင်းပါတယ်။ ပေါ့ပေါ့ပါးပါး လေးပါ။ အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေဗျာ....။
Tuesday, October 12, 2010 by တောင်ပြာတန်းနဲ့မွေးရပ်မြေ
ပတ်ထူဆိုင်းပန်းခြံ (Patuxai Park)မှာ အောင်မြင်ရေးမုဒ်ဦး (ခေါ်) ပတ်ထူဆိုင်း(ခေါ်) အနုဆာဝါရီ ကတော့ ၁၉၆၂ ခုနှစ်မှာ အမေရိကန်နိုင်ငံက လေယာဉ်ကွင်းဖောက်ဖို့ ပေးတဲ့ငွေတွေနဲ့ ပြင်သစ် ကိုလိုနီကို တော်လှန်လို့ အောင်မြင်တဲ့ အထိမ်းအမှတ် အဖြစ် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

 ဒီပုံကတော့ ပတ်ထူဆိုင်း ပန်းခြံ ကောင်းကင် ဓာတ်ပုံ ဖြစ်ပါတယ်။
-မျှားနီနေရာက အောင်မြင်ရေးမုဒ်ဦး (ခေါ်) ပတ်ထူဆိုင်း (ခေါ်) အနုဆာဝါရီ ဖြစ်ပါတယ်။
-မျှားအပြာရောင်က ကမ္ဘာ့ငြိမ်းချမ်းရေးမောင်း (World Peace Gong) ဖြစ်ပါတယ်။
-မျှားအပြာနုရောင်ကတော့ ရေပန်းကန် ဖြစ်ပါတယ်။

ဒီနေရာကို မရောက်ခဲ့ရင် လာအိုနိုင်ငံ၊ ဗီယင်ကျန်း မြို့ကို မရောက်တာနဲ့ အတူတူလိုပါပဲ။ လာအို နိုင်ငံရဲ့ မျက်နှာစာတစ်ခု ဆိုရင်လဲ မှားမယ် မထင်ပါဘူး။

အတွင်းပိုင်းမှာ အပေါ်ကိုတက်တဲ့ လှေကားရှိပြီး အပေါ်ဆုံး အမိုးနားအထိ တက်လို့ရပါတယ်။ အပေါ် တက်ရင်တော့ လာအိုကစ် (၅၀၀၀)ပေးရပါတယ်။ ဆင်းဖို့အတွက် သီးခြား လှေကားတစ်ခုရှိပါတယ်။ တိုင်လိုပုံစံ လေးခုရှိရာမှာ ဒေါင့်တန်းပေါ့ တစ်ဖက်က အတက်လှေကား၊ တဖက်က အဆင်းလှေကားပါ။
ဒီပုံကတော့ အောက်ကနေ မြင်ရတဲ့ မျက်နှာကျက်ပါ။
 လာအိုရိုးရာ ယဉ်ကျေးမှု အနုပညာများနဲ့ ချယ်မှုန်း ထားတာကို တွေ့ရမှာဖြစ်ပါတယ်။






အလယ်မှာ အထပ် ၂ ထပ်ရှိပြီးတော့ လာအိုရိုးရာ အထည်တွေ၊ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းတွေနဲ့ အမှတ်တရ ပစ္စည်းတွေ ရောင်းချနေတာ တွေ့ရ ပါတယ်။











အပေါ်ဆုံးထပ်ကို တက်တဲ့ လှေကားပါ။












ပတ်ထူဆိုင်း အပေါ်ဆုံးထပ်ကနေ တွေ့ရတဲ့ ပန်ခြံဘက် မြင်ကွင်းပါ။





အပေါ်ဆုံးထပ်ကနေမြင်ရတဲ့ သမ္မတနန်းတော်ဘက် မြင်ကွင်းပါ။








အပေါ်ဆုံးထပ်နေ တွေ့ရတဲ့ မြင်ကွင်းတစ်ခုပါ။








အပေါ်ဆုံးထပ်နေ တွေ့ရတဲ့ မြင်ကွင်းတစ်ခုပါ။








ဒီကမ္ဘာ့ငြိမ်းချမ်းရေးမောင်း ကို အင်ဒိုနီးရှားနိုင်ငံ ကမ္ဘာ့ငြိမ်းချမ်း ရေးကောင်စီကနေ ချီးမြှင့်ခဲ့တာပါ။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီငြိမ်းချမ်းရေးမောင်း မှာ နိုင်ငံပေါင်းများစွာက အလံတွေကို တွေ့ရမှာဖြစ်ပါတယ်။









ဒီငြိမ်းချမ်းရေးမောင်းရဲ့ အဓိပ္ပါယ်ကတော့ လာအို နိုင်ငံမှာ အစိုးရကို တော်လှန်နေတဲ့ သောင်းကျန်းသူ မရှိဘူးဆိုတာပါပဲ။






ဒါကတော့ ငြိမ်းချမ်းရေးမောင်းအနီးမှာ ရှိတဲ့ ရေပန်း ရေကန်တစ်ခုပါ။







ဒါကတော့ ပတ်ထူဆိုင်းအနီးက ရေပန်းကန်ပါ။








ဒါကတော့ ပတ်ထူဆိုင်းအနီးက ရေပန်းကန်ပါပဲ။ 



ကျန်းမာရေးအတွက် လမ်းလျှောက်ခြင်းဖြင့် အားကစား လုပ်တဲ့သူတွေ ကတော့ ဒီပန်းခြံ ဘေးပတ်လည်မှာရှိတဲ့ ပလက်ဖောင်းမှာ ပတ်ပြီး လမ်းလျှောက်လေ့ရှိကြပါတယ်။








အထူးသဖြင့် ညနေပိုင်းမှာတော့ လာအို အလှပဂေး လေးတွေ ဘောင်းဘီတို လေးတွေနဲ့ မြင်ကွင်း ကတော့.....ဟဲ....ဟဲ.....ဟဲ..

ပြီးပါပြီး။။။


Thursday, October 7, 2010 by တောင်ပြာတန်းနဲ့မွေးရပ်မြေ
 
Farewell
Sunday, October 3, 2010 by တောင်ပြာတန်းနဲ့မွေးရပ်မြေ
 
Welcome
Powered by Blogger.
Justin Bieber - Baby .mp3
Found at bee mp3 search engine