လှေခွင်းတောင်

Wednesday, September 15, 2010 by: တောင်ပြာတန်းနဲ့မွေးရပ်မြေ


ဒီပုံလေးကတော့ ကျွန်တော်တို့ နိုင်ငံခြားရေးရာ သင်တန်း တက်စဉ်က လှေခွင်းတောင်ပေါ် တက် တော့ တောင်အလယ်လောက်မှာ မောလို့ နားတဲ့ အချိန်မှာ မှတ်တမ်းတင်ထားတာပါ။ နေက တော် တော်ပူတယ်ဗျ၊ တောင်ပေါ်တက်တာ ဆိုပေမယ့် တောင်အောက်မှာလဲ ဘုရားရှိ တောင်အလယ်မှာလဲ ဘုရားရှိ တောင်ပေါ်မှာလဲ ဘုရားရှိဆိုတော့ ဖိနပ်မစီးကြဘူးပေါ့ဗျာ။ တောင်ရဲ့ မြေအနေအထား ကလဲ ကျောက် ဂ၀ံတွေနဲ့ပေါ့။ ဘာပြောကောင်းမလဲ အရိပ်မရှိတဲ့နေရာ တွေမှာဆို တက်လဲတက် ပြေးလဲပြေးနဲ့ လူအများနဲ့သွားတာ ဆိုတော့ ငိုအားထက် ရည်အားသန်ဆိုတာလိုပေါ့။ ပျော်စရာကောင်းသလို တော်လဲ ခြေဖ၀ါးကြိမ်းခဲ့ပါတယ်။ ဒီမှတ်တမ်းမှာတော့ ကျွန်တော်က Camera Man ဆိုတော့ ကျွန်တော်မပါ ပါဘူး။ တောင်ပေါ်မှာလှေလှော်တော့လဲ ဘယ်နိုင်ငံကိုလှော်တယ်၊ ညာနိုင်ငံကိုလှော်တယ်နဲ့ပေါ့။ (၂၀၀၈)