Saturday, September 25, 2010
by တောင်ပြာတန်းနဲ့မွေးရပ်မြေ
လာအိုနိုင်ငံ၊ ဗီယင်ကျန်း ပြည်နယ်ရဲ့ ပြည်နယ် မြို့တော် ဖြစ်တဲ့ ဘန်းဗီးယန်းမြို့ကို ဗီယင်ကျန်းမြို့ကနေ ကားနဲ့ မနက် (၇)နာရီလောက် စထွက်ဖြစ်ခဲ့ပါသည်။
ဒီပုံကတော့ လမ်းခေတ္တရပ်နားစဉ် မှတ်တမ်းတင် ထားတာပါ။
မနက်(၁၀)နာရီလောက်မှာ ဗန်းဘီးယန်းကို ရောက် ပါတယ်။ ရှေ့မြင်ကွင်းကတော့ ကားရပ်နား ကွင်း နဲ့ စားသောက် ဆိုင်ပါ။ နောက်ကတောင်ကတော့ အလယ်မှာ သဘာဝဥမင် ရှိပါတယ်။ ကျွန်တော်တို့ အဲဒီကို ဆက်သွယ် ပါမယ်။
ဥမင်ကို မရောက်ခင်မှာ ကြိုးတံတား တစ်ခုကို ဖြတ်သွား ရပါတယ်။
ကြိုးတံတားပေါ်မှာ အမှတ်တရ
နောက်ကလှေကားကနေ သဘာဝဥမင်ကို တက်ရ ပါတယ်။ ခန့်မှန်းခြေ ပေ (၁၀၀)ခန့်တော့ မြင့်မယ်ထင် ပါတယ်။
အတက်ဆိုတော့ တော်တော်မောတယ်နော်။
ဥမင်ဝ မှာပါ။
လိုဏ်ဂူ အ၀ကနေ ဘန်းဗီးယန်း မြို့ဘက်ကို တွေ့မြင်ရတဲ့ရှုခင်းပါ။ ဒီလိုဏ်ဂူကို လှည့်ပတ်ကြည့် ပြီးရင် မြင်နေရတဲ့ ချောင်းမှာ ရေသွားကူးမှာပါ။
အ၀င်ဝမှာတော့ ဗုဒ္ဓဆင်းတုတော် တစ်ဆူကို အမွှေးနံသာများဖြင့် ပူဇော်နိုင်ပါတယ်။
ဒါကတော့ လိုဏ်ဂူအတွင်းထဲမှာပါ။ လိုဏ်ဂူရဲ့ အလျားကတော့ ပေ ၁၅၀/၂၀၀ တော့ ရှိမယ်ထင်ပါတယ်။
လိုဏ်ဂူရဲ့ ဘယ်ဘက်ကို သွားရင် ဂယ်ပေါက်လိုမျိုး အ၀င်ဝနဲ့ ခပ်ဆင်ဆင် တစ်ပေါက်ရှိပါတယ်။ အောက်ကိုတော့ ဆင်းလို့မရပါဘူး။
ဂယ်ပေါက်ကနေ မြင်ရတဲ့ ရှုခင်းပါ။
ဂယ်ပေါက်ကနေ နောက်ပြန်လှည့်/ အ၀င်ဝကနေ ညာဘက်ကို သွားရင်တော့.....
ဒီကနေ ဆက်သွားလို့ မရတော့ ပါဘူး၊ ဒီမှာ လိုဏ်ဂူကဏ္ဍ ပြီးပါပြီး။
လိုဏ်ဂူကနေ အောက်ပြန်ဆင်းတော့ ဘယ်ဘက်မှာတော့

လိုဏ်ဂူကဆင်းရင် ညာဘက်မှာတော့ တောင် အောက်ကနေ စိမ့်ထွက်နေတဲ့ စမ်းချောင်းလေး ရှိပါတယ်။ ရေကူးလို့လဲ ရပါတယ်။
ရိုးရာဓလေ့ထုံးစံလို ဖြစ်နေတဲ့ လာအိုမလေးတွေရဲ့ ဘောင်းဘီတိုဝတ်ဆင်မှုကိုလဲ မျက်စိ ကြည်အောင် ထည့်ပေးလိုက်ပါတယ်။ တော်ကြာ ကျွန်တော်တို့ ပုံတွေကိုဘဲ ကြည့်နေရတော့ မျက်စိနောက်နေမှာ စိုးလို့ပါ။ ဒီလို ဘလော့မှာတင်ဖို့ကလည်း ရည်ရွယ်ချက်သိပ်မရှိတော့ ရှုခင်းကောင်းကောင်း တွေမရိုက်နိုင်ခဲ့ဘူးလို့ပဲဆိုပါတော့

ဆက်သွားရင်တော့ လိုဏ်ဂူငယ်လေး တစ်ခု ရှိပါသေးတယ်။ အထဲတော့ မ၀င်ဖြစ်ခဲ့ပါဘူး။
လိုဏ်ဂူကနေ ရေကူးကစားရင် စားလို့ သောက်လို့ ရတဲ့နေရာလေးကို ရောက်ခဲ့ပါသည်။
ချောင်းကတော့ တစ်ချို့နေရာမှာ ၁ ပေ ၂ ပေလောက်နက်ပြီး ၁၀ ပေ ၁၅ ပေလောက် နက်တဲ့နေရာလဲ ရှိပါတယ်။ လှေ၊ ဘောကွင်း တွေလဲ ငှားစီးလို့ရပါတယ်။ ရေလွှာလျှောစီးလို့လဲ ရပါတယ်။ လာအို ယောက်ျားရော မိန်းမပါ သိပ်ကြိုက်တဲ့ လာအိုဘီယာလဲ မှာသောက်လို့ ရပါတယ်။
ညနေ ၃ နာရီခွဲလောက်မှာ ဘန်းဗီးယန်းမြို့ကနေ ပြန်လာခဲ့ပါတယ်။ အပြန်လက်ဆောင်အနေနဲ့ လမ်းမှာ ငါးခြောက်တွေလဲ ၀ယ်လို့ရပါတယ်။
ကျွန်တော်ရဲ့တင်ပြချက်ကတော့ ဒီလောက်ပါပဲ။
ဘန်းဗီးယန်းမြို့ကို အလည်အပတ်ခရီးသွားမယ် ဆိုရင် ၂ ညအိပ် ၃ ရက်လောက် အနားယူတဲ့ သဘောမျိုးသွားရင်တော့ ပိုကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ခရီးစဉ်က နေ့ချင်းပြန် ဖြစ်တဲ့ အတွက် နေရာစုံအောင် မရောက်ခဲ့ပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်ခင်ဗျာ။။။။။။။။။
လိုဏ်ဂူ အ၀ကနေ ဘန်းဗီးယန်း မြို့ဘက်ကို တွေ့မြင်ရတဲ့ရှုခင်းပါ။ ဒီလိုဏ်ဂူကို လှည့်ပတ်ကြည့် ပြီးရင် မြင်နေရတဲ့ ချောင်းမှာ ရေသွားကူးမှာပါ။
အ၀င်ဝမှာတော့ ဗုဒ္ဓဆင်းတုတော် တစ်ဆူကို အမွှေးနံသာများဖြင့် ပူဇော်နိုင်ပါတယ်။
ဒါကတော့ လိုဏ်ဂူအတွင်းထဲမှာပါ။ လိုဏ်ဂူရဲ့ အလျားကတော့ ပေ ၁၅၀/၂၀၀ တော့ ရှိမယ်ထင်ပါတယ်။
လိုဏ်ဂူရဲ့ ဘယ်ဘက်ကို သွားရင် ဂယ်ပေါက်လိုမျိုး အ၀င်ဝနဲ့ ခပ်ဆင်ဆင် တစ်ပေါက်ရှိပါတယ်။ အောက်ကိုတော့ ဆင်းလို့မရပါဘူး။
ဂယ်ပေါက်ကနေ မြင်ရတဲ့ ရှုခင်းပါ။
ဂယ်ပေါက်ကနေ နောက်ပြန်လှည့်/ အ၀င်ဝကနေ ညာဘက်ကို သွားရင်တော့.....
ဒီကနေ ဆက်သွားလို့ မရတော့ ပါဘူး၊ ဒီမှာ လိုဏ်ဂူကဏ္ဍ ပြီးပါပြီး။
လိုဏ်ဂူကနေ အောက်ပြန်ဆင်းတော့ ဘယ်ဘက်မှာတော့
လိုဏ်ဂူကဆင်းရင် ညာဘက်မှာတော့ တောင် အောက်ကနေ စိမ့်ထွက်နေတဲ့ စမ်းချောင်းလေး ရှိပါတယ်။ ရေကူးလို့လဲ ရပါတယ်။

ဆက်သွားရင်တော့ လိုဏ်ဂူငယ်လေး တစ်ခု ရှိပါသေးတယ်။ အထဲတော့ မ၀င်ဖြစ်ခဲ့ပါဘူး။
လိုဏ်ဂူကနေ ရေကူးကစားရင် စားလို့ သောက်လို့ ရတဲ့နေရာလေးကို ရောက်ခဲ့ပါသည်။
ချောင်းကတော့ တစ်ချို့နေရာမှာ ၁ ပေ ၂ ပေလောက်နက်ပြီး ၁၀ ပေ ၁၅ ပေလောက် နက်တဲ့နေရာလဲ ရှိပါတယ်။ လှေ၊ ဘောကွင်း တွေလဲ ငှားစီးလို့ရပါတယ်။ ရေလွှာလျှောစီးလို့လဲ ရပါတယ်။ လာအို ယောက်ျားရော မိန်းမပါ သိပ်ကြိုက်တဲ့ လာအိုဘီယာလဲ မှာသောက်လို့ ရပါတယ်။
ညနေ ၃ နာရီခွဲလောက်မှာ ဘန်းဗီးယန်းမြို့ကနေ ပြန်လာခဲ့ပါတယ်။ အပြန်လက်ဆောင်အနေနဲ့ လမ်းမှာ ငါးခြောက်တွေလဲ ၀ယ်လို့ရပါတယ်။
ကျွန်တော်ရဲ့တင်ပြချက်ကတော့ ဒီလောက်ပါပဲ။
ဘန်းဗီးယန်းမြို့ကို အလည်အပတ်ခရီးသွားမယ် ဆိုရင် ၂ ညအိပ် ၃ ရက်လောက် အနားယူတဲ့ သဘောမျိုးသွားရင်တော့ ပိုကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ခရီးစဉ်က နေ့ချင်းပြန် ဖြစ်တဲ့ အတွက် နေရာစုံအောင် မရောက်ခဲ့ပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်ခင်ဗျာ။။။။။။။။။
Wednesday, September 15, 2010
by တောင်ပြာတန်းနဲ့မွေးရပ်မြေ
ဒီပုံလေးကတော့ ကျွန်တော်တို့ နိုင်ငံခြားရေးရာ သင်တန်း တက်စဉ်က လှေခွင်းတောင်ပေါ် တက် တော့ တောင်အလယ်လောက်မှာ မောလို့ နားတဲ့ အချိန်မှာ မှတ်တမ်းတင်ထားတာပါ။ နေက တော် တော်ပူတယ်ဗျ၊ တောင်ပေါ်တက်တာ ဆိုပေမယ့် တောင်အောက်မှာလဲ ဘုရားရှိ တောင်အလယ်မှာလဲ ဘုရားရှိ တောင်ပေါ်မှာလဲ ဘုရားရှိဆိုတော့ ဖိနပ်မစီးကြဘူးပေါ့ဗျာ။ တောင်ရဲ့ မြေအနေအထား ကလဲ ကျောက် ဂ၀ံတွေနဲ့ပေါ့။ ဘာပြောကောင်းမလဲ အရိပ်မရှိတဲ့နေရာ တွေမှာဆို တက်လဲတက် ပြေးလဲပြေးနဲ့ လူအများနဲ့သွားတာ ဆိုတော့ ငိုအားထက် ရည်အားသန်ဆိုတာလိုပေါ့။ ပျော်စရာကောင်းသလို တော်လဲ ခြေဖ၀ါးကြိမ်းခဲ့ပါတယ်။ ဒီမှတ်တမ်းမှာတော့ ကျွန်တော်က Camera Man ဆိုတော့ ကျွန်တော်မပါ ပါဘူး။ တောင်ပေါ်မှာလှေလှော်တော့လဲ ဘယ်နိုင်ငံကိုလှော်တယ်၊ ညာနိုင်ငံကိုလှော်တယ်နဲ့ပေါ့။ (၂၀၀၈)
Tuesday, September 14, 2010
by တောင်ပြာတန်းနဲ့မွေးရပ်မြေ
ကျွန်တော် Blog တစ်ခုရေးချင်နေတာတော့ ကြာပါပြီ၊ ဒါပေမယ့် ရေးဖို့ topic မရှိတာရယ်၊ ဘယ်လိုရေးရမှန်း မသိတာရယ်၊ သင်ပြပေးမယ့်သူကလဲ ခက်ခဲတာရယ် စသဖြင့်စသဖြင့်သော အကြောင်း အမျိုးမျိုး လေးတွေကြောင့် Blog ရေးအလှမ်းကွာဝေးနေခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ သူများ Blog တွေမှာ သွားရောက် မွှေနှောက် လိုချင်တာယူ အဆင်မပြေရင် ပြန်မေး၊ ပြန်တောင်းနဲ့ ချာချာလည်နေခဲ့ပါတယ်။ ဒီဘလော့ကို မစခင်တစ်ရက်မှာ ဒီဘလော့က movie လေးကို ဒေါင်းလိုက်ပါတယ်။ အဲဒါလေးကို ကြည့်ပြီး ဒီဘလော့ကို စခဲ့ပါတယ်။ ဟိုကလိ ဒီကလိနဲ့ ကလိရင်းနဲ့ ဘလော့အကြမ်းလေးတစ်လို့ဘဲ ပြောရမလား ဒီလောက်ရတာကိုပဲ တော်တော် ကျေနပ်နေမိပါတယ်။ စာလဲနည်းရှည်သွားပြီထင်တယ် ဒါနဲ့ Cbox တစ်ခု ထည့်ချင်ပြန်ရော ကြိုးစားပေမယ့် အဆင်မပြေဘူး။ အင်း ဒီကိစ္စတော့ ဆရာမကူ မဖြစ်နိုင်တဲ့ အခြေအနေ ဆိုတော့ အိုင်တီခရီးသည်ဘလော့ကို ရေးတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရောက်နေတဲ့ ကျွန်တော်ကို ကွန်ပျူတာနဲ့ ပတ်သက်ရင် မေးသမျှ၊ လိုအပ်သမျှကို ကူညီပေးနေတဲ့ ကျွန်တော့ဆရာ ကိုပဲ အကူအညီတောင်း ရပါတော့တယ်။ ဒါနဲ့ Gtalk ကနေပဲ စာနဲ့ရိုက်ပြီး အပြန်အလှန် မေးလိုက်ဖြေလိုက်နဲ့ Cbox လေးရသွား ပါတယ်။ ကျွန်တော်လို အခြေအနေမျိုးနဲ့ ကြုံရသူတွေအတွက် နည်းလမ်းလေးကို တင်ပေးလိုက်ပါတယ်။
အောက်က code တွေကို ကော်ပီကူးလိုက်ပါ။
<!-- BEGIN CBOX - www.cbox.ws - v001 -->
<div id="cboxdiv" style="text-align: center; line-height: 0">
<div><iframe frameborder="0" width="200" height="305" src="http://www2.cbox.ws/box/?boxid=2176498&boxtag=dys92q&sec=main" marginheight="2" marginwidth="2" scrolling="auto" allowtransparency="yes" name="cboxmain" style="border:#ababab 1px solid;" id="cboxmain"></iframe></div>
<div><iframe frameborder="0" width="200" height="75" src="http://www2.cbox.ws/box/?boxid=2176498&boxtag=dys92q&sec=form" marginheight="2" marginwidth="2" scrolling="no" allowtransparency="yes" name="cboxform" style="border:#ababab 1px solid;border-top:0px" id="cboxform"></iframe></div>
</div>
<!-- END CBOX -->
your blog >> Sign in >> Design >> ညာဘက်နားက Add a Gadget >>HTML/JavaScript
ပြီးပါပြီ။ အဆင်ပြေပါစေ ခင်ဗျာ။
Monday, September 13, 2010
by တောင်ပြာတန်းနဲ့မွေးရပ်မြေ
ဒါလေးကတော့ ဂိမ်းအသေးလေးတွေ (၂၉)ခုပါပါတယ်။ ပေါ့ပါးပါးနဲ့ တစ်ခါတရံမှာ အလုပ်လုပ်ရတာ ငြီးငွေ့လာရင် ခဏတာ အပမ်းဖြေတဲ့သဘောမျိုးဆော့လို့ရပါတယ်။ လိုချင်ရင်တော့ ဒီမှာ ဒေါင်းလို့ရပါတယ်။
Powered by Blogger.
Justin Bieber - Baby .mp3 | ||
![]() | ||
![]() | Found at bee mp3 search engine | ![]() |